မြန်မာဟာကမ္ဘာမှာ
ထူးခြားစွာထိုးဖောက်တိုးထွက်ရာတွင် ရွှေထီးဆောင်း၍ မြန်မာတို့ဘုန်းမီးနေလ
တောက်ပခဲ့ရခြင်းများ၏ အခြေခံဥပဒေဖြစ်သော ရာဇသတ်၊ ဓမ္မသတ်၊ လောကုတ္တရာ၊
လောကီကျမ်းအသွယ်သွယ်တို့နှင့် သင်းထုံခဲ့ပါသည်။
အချိန်နာရီကိုပင် မျက်တောင်တစ်ခပ်ကိုနှိုင်းချိန်၍ နေ့၊ ရက်၊ လ တို့ကိုသတ်မှတ်ခဲ့သည့် ကိုယ်ပိုင်ယဉ်ကျေးမှုသည် အထွဋ်အထိပ် ရောက်ရှိခဲ့ပါသည်။ ရောမသည်လည်း ရောမခေတ်အလျောက် တန်ခိုးကြီးခဲ့ကြသော်လည်း စာပေအနုပညာ၌ မြန်မာ့ခေတ်သမိုင်းတို့သည်လည်း ရာဇဝင်စာတင်ခဲ့ရသည့် ခေတ်များစွာရှိခဲ့ပါသည်။

ပြည်ကြီးရတနာ ၉ ပါးဟူ၍ ရှိလေသည်။
ပြည်ကြီးရတနာ ၉ ပါး
- ပြည့်ဦးကင်းတည်းဟူသော မှူးကြီးမတ်ကြီး
- ပြည့်တံခွန်တည်းဟူသော ရဟန်းပညာရှိ၊ ပုဏ္ဏားပညာရှိ
- ပြည့်မျက်စိတည်းဟူသော သမားဟူးရား
- ပြည့်နားတည်းဟူသော သူလျှို
- ပြည့်စွယ်တည်းဟူသော မင်းညီမင်းသား
- ပြည့်မျက်နှာတည်းဟူသော မိန်းမချော
- ပြည့်ဝမ်းတည်းဟူသော သူဋ္ဌေးသူကြွယ်
- ပြည့်ချေတည်းဟူသော စစ်သည်ဗိုလ်ပါ
- ပြည့်လက်တည်းဟူသော လက်နက်ခဲယမ်းမီးကျောက် တနည်းကား ပုလဲ၊ သန္တာ၊ နီလာ၊ စိန်၊ ကြောင်၊ မြ၊ ပတ္တမြား၊ ဥဿဖုယား၊ ဂေါ်မိတ်။

No comments:
Post a Comment