ဆန့်ကျင်ဘက်နိယာမသဘောအရ ရှင်သန်ခြင်းသည် သေဆုံးခြင်း၌ အဆုံးသတ်၏။ ထို့ကြောင့် လူသည် သေမျိုး ဖြစ်၏။ အပူရှိလျှင် အအေးရှိ၏။ ထိုကဲ့သို့ပင် ရက်စက်ယုတ်မာခြင်း၊ ကြင်နာသနားခြင်း၊ ရယူပိုင်ဆိုင်ခြင်း၊ ပေးကမ်းလှူဒါန်းခြင်း၊ တရားရှိခြင်း၊ တရားမဲ့ခြင်း၊ မှန်သည် မှားသည် ဤနှစ်လီဖြင့် ဘဝကို အူဝဲမှစ၍ ဝမ်းနည်းပူဆွေး ငိုကြွေးခြင်းဖြင့် အဆုံးသတ်ကြလေသည်။ ဆိုလိုသည်မှာ မည်သူမျှ မလွန်ဆန်နိုင်သော သေခြင်းတရားကို ရင်ဆိုင်ရာဝယ် မိမိသည် 'မိခင်ကမ္ဘာမြေကြီးနှင့် လောကကြီး' ကောင်းကျိုးအတွက် မည်မျှတာဝန်ကျေခဲ့ပြီလဲ၊ 'လူမျိုးနှင့် တိုင်းပြည်' အတွက် အဘယ်မျှ ကောင်းကျိုးဆောင်ခဲ့ပြီလဲပင် ဖြစ်၏။
လောကတွင် လူဖြစ်လာက ဘရိတ်မပါသောကားကဲ့သို့ မဖြစ်စေရ။ ရည်မှန်းချက်၊ ရည်ရွယ်ချက်တစ်ခုတော့ ရှိသင့်သည်၊ ရှိရမည်။ တစ်ဝမ်းဝ တစ်ခါးလှ ကျေနပ်ရုံမျှနှင့် ရပ်တန့်၍မနေသင့်။ 'မနုဿတ္တဒုလ္လဘ' တရားတော်မြတ်အတိုင်း ရခဲလှသောလူ့ဘဝကို ရခဲလှစွာဖြင့်ပင် ကျွန်ုပ်တို့ရခဲ့ပြီ။ လူ့ပြည်လောက၌ လူဖြစ်လာချေပြီ။ ကဲ ရှေ့ဆက်ဘာလုပ်ကြမည်နည်း။
ပဒေသရာဇ်စနစ်အောက်တွင်လည်း ကျွန်ုပ်တို့၏ ဘိုးဘေးတို့သည် ကိုယ့်ဘုရင်၊ ကိုယ့်သခင်အဖြစ် ခေါင်းငုံ့ခံကာ ဗုဒ္ဓ၏တရားတော်နှင့် ဗုဒ္ဓ၏ယဉ်ကျေးမှုအတိုင်း နေခဲ့ကြဖူးပြီ။ တစ်ဖန် ပဒေသရာဇ်စနစ်ထက် အဆင့်မြင့်သော ကိုလိုနီနယ်ချဲ့စနစ်ဆိုးအောက်၌လည်း ကျွန်သဘောက်ဘဝ အဖြစ်ဆိုးကြီးများစွာနှင့်လည်း ကြုံတွေ့ခံစားခဲ့ရပြီးနောက် ဖက်ဆစ်အာဏာရှင်စနစ်ဆိုးအောက် ရောက်ခဲ့၊ နေခဲ့ကြရပြန်သည်။
သို့သော် ဗုဒ္ဓတရားတော်နှင့်အညီ သူ့ကျွန်မခံလိုသော လွတ်လပ်မှုကို မြတ်နိုးသော ကျွန်ုပ်တို့ဘိုးဘွားမိဘများသည် ရရာလက်နက် တုတ်၊ ဓား၊ ဝါးချွန်တို့ကို ကိုင်ဆွဲကာ မြန်မာ့အာဇာနည်များစွာတို့သည် အသက်ကိုပင်စတေး၍ အမိနိုင်ငံ လွတ်မြောက်မှုအတွက် မရမနေ အားစိုက်ကြိုးပမ်းခဲ့ကြပြီး သေခြင်းကို ရဲဝံ့စွာ မကြောက်မရွံ့ ရင်ဆိုင်ခဲ့ကြသည်။ လူသည် တစ်သက်တွင် တစ်ခါသာ သေရ၏။ သို့သော် ကြောက်တတ်လျှင် အခါခါ သေရလေသည်။
'စစ်သူကြီးမဟာဗန္ဓုလ' မှသည် 'ဆရာတော်ဦးဝိစာရ'၊ ကျွန်ုပ်တို့၏ အမျိုးသားခေါင်းဆောင်ကြီး 'ဗိုလ်ချုပ်အောင်ဆန်း' နှင့်တကွ အာဇာနည်ပြည်သူလူထုအပေါင်းတို့သည် လောကကောင်းကျိုး၊ လူမျိုးဘာသာ သာသနာအတွက် အသက်ခန္ဓာကိုယ် အမြင့်မြတ်ဆုံး ပေးလှူခဲ့ကြသည်။ ဤသည်တို့ကား ရှင်ခြင်းကောင်းသလို သေခြင်းကောင်းများတည်း။
'စစ်သူကြီးမဟာဗန္ဓုလ' မှသည် 'ဆရာတော်ဦးဝိစာရ'၊ ကျွန်ုပ်တို့၏ အမျိုးသားခေါင်းဆောင်ကြီး 'ဗိုလ်ချုပ်အောင်ဆန်း' နှင့်တကွ အာဇာနည်ပြည်သူလူထုအပေါင်းတို့သည် လောကကောင်းကျိုး၊ လူမျိုးဘာသာ သာသနာအတွက် အသက်ခန္ဓာကိုယ် အမြင့်မြတ်ဆုံး ပေးလှူခဲ့ကြသည်။ ဤသည်တို့ကား ရှင်ခြင်းကောင်းသလို သေခြင်းကောင်းများတည်း။
သူတစ်ပါးအကျိုးမပါ မိမိအကျိုးတစ်ခုတည်းကို ကာကွယ်စောင့်ရှောက်သွားရိုးမှန်ပါက 'ဆရာစံ၊ သခင်ဖိုးလှကြီး၊ ဗိုလ်အောင်ကျော်၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း' တို့ကို နှောင်းလူတို့ သိကြတော့မည်မဟုတ်ပေ။
ပေါ့ပေါ့နေ ပေါ့ပေါ့စားကာ
ပေါ့ပေါ့ပင် ပျောက်ကွယ်မသွားလိုသော သင်သည် သင်၏သမိုင်း ကြောင်းအတွက် မည်သူ့အကျိုးစီးပွား၊
မည်သည့်အကျိုးကိစ္စကို ဆောင်ရွက်ပြီးပြီလဲ။ မိမိကိုယ်ကျိုးစီးပွား၊ မိသားစုအရေးလောက်သာ
အားသွန်ခွန်စိုက် ရုန်းကန် ကြိုးစားနေရုံဖြင့် ကျေနပ်၍မနေသင့်၊ မနေအပ်။ ဤ လူ့ပြည် လူ့လောကသည်
တစ်ဦးတစ်ယောက်တည်း ရပ်တည်၍ရလာသော လောကမဟုတ်။ သင့်ခန္ဓာ အာဟာရအဖြစ် မည်သူစိုက်ပျိုးသည့်ထမင်းကို
စားနေသနည်း။ သင့်ခန္ဓာ အရှက်လုံဖို့အတွက် မည်သူ စိုက်ပျိုးထုတ်လုပ်သည့် အဝတ်အထည်ကို
ဝတ်ဆင်ထားသနည်း။
အများအကျိုးကို သယ်ပိုးထမ်းရွက်ခြင်းသည်
မိမိအား ပြန်လည်၍ တူသောအကျိုးကို ခံစားရရှိ တတ်သည်။ အခါအခွင့်ဟူသည်လည်း အမြဲမပြတ် ရရှိနိုင်သည်မဟုတ်။
အခါရှိမှ အခွင့်ရှိမည်၊ အခါမရှိ လျှင် အခွင့်သည် ရောက်မလာနိုင်ပေ။ အခါသည် ပေါ်လာခဲ့၏။
ပေါ်လာခဲ့သောအခါသည် မိမိရှေ့မှောက် ယခုရောက်ရှိနေလေပြီ။ မိမိအမျိုးသားရေးအတွက်လည်းကောင်း၊
ဘာသာရေးအတွက်လည်းကောင်း၊ ကမ္ဘာ့လူလောတစ်ရပ်လုံး၏ မွေးရာပါ လူမှုအခွင့်အရေးသည်လည်းကောင်း
မိမိပတ်ဝန်းကျင်၌ ထင်ထင်ရှားရှား ရှိနေလေပြီ။
ထိုအခါကို သင်မြင်ပါ၏လော။ သင်မြင်ပြီး ထားပါတော့။ ထိုအခါကို အများကောင်းကျိုးအတွက် အသုံးချမည်လော (သို့မဟုတ်) ရှောင်ရှား၍သွားမည်လော။ သင်သည် ရှောင်ရှား၍လည်း ရပါသည်။ သို့သော် သင့်၌ အခွင့်သည် မရှိတော့ပေ။ တစ်ဖန် ထိုအခါသည် နောက်ထပ်ပေါ်မလာနိုင်တော့ပေ။ လူဖြစ်ရကျိုးနပ်ရန် ရှာဖွေနေသော သင်သည် မုချ လူဖြစ်ရှုံးလေပြီ။ အခါ၊ အခွင့်ဟူသည် လူတစ်ဦးတစ်ယောက်အတွက် အခါခပ်သိမ်း မပေါ်နိုင်။ နောက်ထပ်မပေါ်မီ သေခဲ့သော် အကျိုးမဲ့တည်း။
ထိုအခါကို သင်မြင်ပါ၏လော။ သင်မြင်ပြီး ထားပါတော့။ ထိုအခါကို အများကောင်းကျိုးအတွက် အသုံးချမည်လော (သို့မဟုတ်) ရှောင်ရှား၍သွားမည်လော။ သင်သည် ရှောင်ရှား၍လည်း ရပါသည်။ သို့သော် သင့်၌ အခွင့်သည် မရှိတော့ပေ။ တစ်ဖန် ထိုအခါသည် နောက်ထပ်ပေါ်မလာနိုင်တော့ပေ။ လူဖြစ်ရကျိုးနပ်ရန် ရှာဖွေနေသော သင်သည် မုချ လူဖြစ်ရှုံးလေပြီ။ အခါ၊ အခွင့်ဟူသည် လူတစ်ဦးတစ်ယောက်အတွက် အခါခပ်သိမ်း မပေါ်နိုင်။ နောက်ထပ်မပေါ်မီ သေခဲ့သော် အကျိုးမဲ့တည်း။
ထို့ကြောင့် ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးက ‘ခွင့်သာခိုက်မှ
မလိုက်ချင်လျှင် အမိုက် နင့်ပြင်ရှိသေးလား’ ၊ ‘ခွင့်သာတုန်းမှ မရုန်းချင်လျှင် အရှုံး
နင့် အပြင်ရှိသေးလား’ ၊ ‘ခွင့်သာဆဲမှ မခဲချင်လျှင် အလွဲ နင့်ပြင်ရှိသေးလား’ ဟု မိန့်ဆိုခဲ့၏။
သင်၏မျက်မှောက်တွင်
မြင့်မြတ်သော အခွင့်အရေးတစ်ခုသည် ရောက်နေ၏။ ထိုအခွင့်အရေးသည် သင်၏ အသက်ခန္ဓာပေးအပ်နိုင်မှ
မုချရလိမ့်မည်ဟု အသေအချာ ခိုင်ခိုင်မာမာ သိထား၏။ သိလျက်နှင့် သင်သည် ရှောင်ထွက်သွားအံ့။
သင်သည် ဘာကြောင့် ရှောင်ထွက်သည်ကို နားလည်ပါ၏။ သက်ရှိသတ္တဝါတိုင်းသည် သေဘေးကို ကြောက်ကြသည်။
ထို့ကြောင့် သင့်အား အပြစ်တင်ရန် မလိုပေ။
သို့သော် သစ္စာလေးပါးကို
နက်ရှိုင်းစွာ ထွင်းဖောက်သိမြင်သွားသူတို့မှာ မလွဲမသွေ တွေ့ကြုံကြရမည့် ‘သေခြင်း’ ဒုက္ခကို
မကြောက်ကြတော့ပေ။ (သစ္စာလေးပါး သို့မဟုတ် ဗုဒ္ဓ၏ အမြင့်မြတ်ဆုံးတရား သို့မဟုတ် သံသရာဝဋ်ဒုက္ခဆင်းရဲတွင်းမှ
လွတ်မြောက်လမ်း)
အနိစ္စ၊ ဒုက္ခ၊ အနန္တဟူသောတရားသည်
သင်နှင့်အတူ ရှိနေ၏။ သင်၏အနားတွင် ရှိနေ၏။ သင့်အသိဖြင့် ရှုမြင်၊ သင့်အသိဖြင့် ဆုံးဖြတ်လော့။
အနိစ္စ အမြဲမရှိသော လောကကြီးတွင် သင်သည် တည်မြဲနေချင်၏။ သင့်တရား ဘယ်မှာနည်း။ ‘ဒုက္ခ’
ဤလူ့ဘုံသည် သတ္တဝါများနှင့်မခြား ‘ဒုက္ခဘုံ’ သာဖြစ်၏။ သုခဘုံဟု အမြင်မှား၊ အသိမှားနေသူသည်
အဘယ်ကြောင့် လူ့ဘဝကို ငိုခြင်းနှင့်စ၍ ငိုခြင်းနှင့်ပင် နိဂုံး ချုပ်၍ လောကကို စွန့်ခွာရသနည်း။
သုခ (လောကချမ်းသာ) ဟူသည် ဒုက္ခနှင့်ကင်းရဲ့လား။ ဒုက္ခဆင်းရဲတို့နှင့် ပြည့်ကျပ်နေရာ ထိုမျှ
ကြောက်မက်ဖွယ်ဖြစ်သည့် ဒုက္ခဘုံကို လူတို့ခုံမင်တွယ်တာနေသေး၏။ ဒုက္ခတရား က အဘယ်နည်း။
‘အနန္တ’ အစိုးမရ၊ မရေရာ မသေချာ၊ ငါမဟုတ် သူမဟုတ်၊ ရုပ်နာမ်အပုပ်ကောင်သာဖြစ် ၏။ ဒွာရကိုးပေါက်မှ
အပုပ်နံ့တို့သည် ဖြည်းညင်းစွာ တရစပ် တစိမ့်စိမ့်ထွက်နေ၏။ သင့်ခန္ဓာကိုယ်အား သင့်စိတ်
အမွှမ်းတင်ကာ လှည့်စားထားလေသည်။ သင့်တရားက အဘယ်မှာနည်း။
ကျွန်ုပ်တို့သည် ရှေ့ဘာဖြစ်မည်ကို
တိတိကျကျ ဘာကိုမှမသိ။ သို့သော် တိတိကျကျ သိသော အရာတစ်ခုတည်းရှိ၏။ ထိုအရာကား ‘မလွဲမသွေ
မုချသေရမည်’ ဟူ၍ဖြစ်၏။ ထို့ကြောင့် သေရမည်ခြင်းတူလျှင် ကျွန်ုပ်တို့သည် လူ့လောက၏ အမြင့်မြတ်ဆုံး
‘အခွင့်၊ အခါ’ ရှိရာသို့ သွားတော့လတ္တံ့။ ကျွန်ုပ်တို့၏ ရှေ့မှောက်သို့ ရောက်၍လာသော
အခွင့်အခါသည် ကျွန်ုပ်၏ အခွင့်အခါသာဖြစ်ပါစေ။ လူဖြစ်ရကျိုးမနပ်သောဘဝဖြင့် အသက်တစ်ရာမနေလို။
လူဖြစ်ရကျိုးနပ်ခွင့်ရလျှင် တစ်နေ့တစ်ရက်သာ နေတော့အံ့။ ဤကမ္ဘာလောကကြီးသည် ငါ၏ ရုပ်၊
နာမ်တို့ ခေတ္တနားခိုရာ၊ အိမ်၊ ကမ္ဘာသူကမ္ဘာသားတို့ကား ငါ၏ အိမ်သူအိမ်သား အသွေးအသား ကမ္ဘာပေါ်ရှိ
သတ္တဝါအားလုံးတို့၏ ကောင်းစားရေးအတွက် တာဝန်ကား ‘ငါ၏တာဝန်’ ဟူ၍သာ သဘောထားပါ။ ယုံကြည်ပါ။
‘ဤကမ္ဘာလောကသားအားလုံးတို့သည် သင့်အား လျစ်လျူရှုထားမည် မဟုတ်’
‘အရေးကြီးက သွေးနီးရာ၏’
ဆိုစကားအရ သင်ရှိသော သင်တို့တိုင်းပြည်သည် ဟိုဘက် ဒီဘက် တိုင်းပြည်တို့ထက် အရေးကြီးနေပြန်ရာ
အကယ်၍ သင်၏တိုင်းပြည်၊ သင်၏လူမျိုး၊ ဘာသာ သာသနာသည် ယခုလတ်တလော အရေးကြီးနေသည်ဖြစ်အံ့
သင်သည် ကျောခိုင်းမည်လော သို့မဟုတ် ရှေ့တိုး၍ အရေးဆောင်ရွက်မည်လော။ သင်၏တာဝန်ကား အဘယ်နည်း။
တာဝန်ကိုယ်စီရှိကြသည်။
ရှိလည်း ရှိသင့်သည်။ ကျွန်ုပ်တို့သည် လူများဖြစ်ကြသည်။ လူဖြစ်ခဲ့လျှင် လူ့ပတ်ဝန်းကျင်နှင့်
သက်ဆိုင်ရာတာဝန်တို့သည် ကျွန်ုပ်တို့၏ အသိဉာဏ်၊ ပညာ၊ ခွန်အားတို့အပေါ် ကျရောက်လျှက်ရှိ၏။ ထိုတာဝန်များအား ဖယ်ခွာရှောင်လွှဲလျက် ပေါ့ပေါ့နေ ပေါ့ပေါ့စား ပေါ့ပေါ့တွေးပြီး ပေါ့ပေါ့ပင်
ပျောက်ကွယ်၍သွားသော အဖြစ်မျိုးကို ကျွန်ုပ်တို့ အလိုမရှိအပ်ပေ။ အိပ်၊ စား၊ ကာမ ‘ဤသုံးဝ’
ဖြင့် ပျောက်ကွယ်၍ မသွားသင့်။ သင်တို့၏ ဘဝတစ်သက်တာကို ထမ်းရွက်ခဲ့ရသော မိခင်ကမ္ဘာမြေကြီးသည်
ဝန်လေးရုံသာ မဖြစ်သင့်ပေ။ ဝန်လေးရုံသာ လူဖြစ်ခဲ့လျှင်လည်း သင်ကွယ်ပျောက်သွားသောတစ်နေ့၌
မိခင်ကမ္ဘာမြေကြီးသည် အဘယ်နည်းနှင့်မျှ ဝမ်းနည်းနေ မည်မဟုတ်ပေ။ ဤကမ္ဘာလောက၌ လူဖြစ်ခဲ့လျှင်
တာဝန်ကင်း၍ မနေအပ်။ လူတိုင်း လူတိုင်းတို့၏တာဝန်သည် ကျွန်ုပ်တို့၏ တာဝန်ဖြစ်သည်ဟု ဆိုရာ၌
ထိုတာဝန်ကား ကျွန်ုပ်တို့အား အဓမ္မ ဆွဲခေါ်နေခြင်းမဟုတ် လောကဓမ္မ သဘာဝတရားကြီးက ညွှန်ပြနေခြင်းသာတည်း။
ဤကမ္ဘာလောကကြီး၏ ဆန့်ကျင်ဘက်
နိယာမသဘောအရ သေဆုံးခြင်း၏ တခြားတစ်ဖက်၌ ရှင်သန်ခြင်းသည် ဧကန်ရှိ၏။ အနှိုင်းမဲ့မေတ္တာရှင်များသည်
သူတို့၏ ယဉ်ကျေးမှု အတွေးအခေါ်နှင့် တရား ဓမ္မ ဒဿနများကို အမည်နှင့်တကွ ရှင်သန်စေခဲ့သည်။
သူတို့၏ အမည်နာမများကို အမှန်တရားနှင့် ယှဉ်ကာ ကမ္ဘာတည်သရွေ့ ရှင်သန်စေခဲ့လေပြီ။
သင်သည် လောက၌ ဥစ္စာဓန
ပေါကြွယ်ဝ၏။ ပညာအရည်အချင်းလည်း တတ်မြောက်ထား၏။ အာဏာရှိ၏။ ရာထူးကြီး၏။ အဆင်းလှ၏။ ကျန်းမာသန်စွမ်း၏။ သင် ဘာလုပ်မည်နည်း။ ကျွန်ုပ်သည်ကား
အမြဲရှင်သန်၊ လူအများ အမှတ်ရ အားကျစေသော အမည်လေးတစ်လုံးသာ ပိုင်ဆိုင်ရလိုပါ၏။ သေဆုံးခြင်း၏
အခြားတစ်ဖက်၌ ရှင်သန်ခြင်းသည် ကမ္ဘာတည်သရွေ့ ထာဝရ ရှင်သန်နေမည်သာ။

No comments:
Post a Comment