မြန်မာဟာကမ္ဘာမှာ
ထူးခြားစွာထိုးဖောက်တိုးထွက်ရာတွင် ရွှေထီးဆောင်း၍ မြန်မာတို့ဘုန်းမီးနေလ
တောက်ပခဲ့ရခြင်းများ၏ အခြေခံဥပဒေဖြစ်သော ရာဇသတ်၊ ဓမ္မသတ်၊ လောကုတ္တရာ၊
လောကီကျမ်းအသွယ်သွယ်တို့နှင့် သင်းထုံခဲ့ပါသည်။
အချိန်နာရီကိုပင်
မျက်တောင်တစ်ခပ်ကိုနှိုင်းချိန်၍ နေ့၊ ရက်၊ လ တို့ကိုသတ်မှတ်ခဲ့သည့်
ကိုယ်ပိုင်ယဉ်ကျေးမှုသည် အထွဋ်အထိပ် ရောက်ရှိခဲ့ပါသည်။ ရောမသည်လည်း
ရောမခေတ်အလျောက် တန်ခိုးကြီးခဲ့ကြသော်လည်း စာပေအနုပညာ၌
မြန်မာ့ခေတ်သမိုင်းတို့သည်လည်း ရာဇဝင်စာတင်ခဲ့ရသည့်
ခေတ်များစွာရှိခဲ့ပါသည်။
တူရိယာငါးပါး
ရှေးမြန်မာတို့၏ တူရိယာငါးမျိုးဖြစ်သည်။
- ကြေးတူရိယာ
- ကြိုးတူရိယာ
- သားရေတူရိယာ
- လေတူရိယာ
- လက်ခုပ်တူရိယာ

No comments:
Post a Comment