မြန်မာဟာကမ္ဘာမှာ
ထူးခြားစွာထိုးဖောက်တိုးထွက်ရာတွင် ရွှေထီးဆောင်း၍ မြန်မာတို့ဘုန်းမီးနေလ
တောက်ပခဲ့ရခြင်းများ၏ အခြေခံဥပဒေဖြစ်သော ရာဇသတ်၊ ဓမ္မသတ်၊ လောကုတ္တရာ၊
လောကီကျမ်းအသွယ်သွယ်တို့နှင့် သင်းထုံခဲ့ပါသည်။
အချိန်နာရီကိုပင်
မျက်တောင်တစ်ခပ်ကိုနှိုင်းချိန်၍ နေ့၊ ရက်၊ လ တို့ကိုသတ်မှတ်ခဲ့သည့်
ကိုယ်ပိုင်ယဉ်ကျေးမှုသည် အထွဋ်အထိပ် ရောက်ရှိခဲ့ပါသည်။ ရောမသည်လည်း
ရောမခေတ်အလျောက် တန်ခိုးကြီးခဲ့ကြသော်လည်း စာပေအနုပညာ၌
မြန်မာ့ခေတ်သမိုင်းတို့သည်လည်း ရာဇဝင်စာတင်ခဲ့ရသည့်
ခေတ်များစွာရှိခဲ့ပါသည်။
မင်းသည် မင်းအလျောက် ကျင့်ကြံနေထိုင်မှုများ၌ ရာဇလက္ခဏာဂုဏ်ခြောက်ဖြာ - မင်းတို့တွင်ရှိအပ်သောရာဇဂုဏ်ခြောက်ပါးဟူ၍ ရှိလေသည်။
ရာဇဂုဏ်ခြောက်ပါး
- သန္ဓိ - ရန်သူနှင့်သင့်မြတ်အောင်စေ့စပ်ခြင်းဂုဏ်
- ဝိဂြတ - ရန်သူနှင့်စစ်တိုက်နိုင်ခြင်းဂုဏ်
- ယာန - ရန်သူရှိရာသို့ချီတက်နိုင်ခြင်းဂုဏ်
- အာသန - နေရာကောင်း၌ရပ်တည်နေနိုင်ခြင်းဂုဏ်
- ဒွိဓာ - ရန်သူကိုနှစ်ခြမ်းခွဲစွမ်းနိုင်ခြင်းဂုဏ်
- အာသယ - မဟာမိတ် အမှီကောင်းထားရှိခြင်းဂုဏ်
မင်းကျင့်တရားဆယ်ပါးဟူ၍လည်းရှိသေးသည်။
မင်းကျင့်တရားဆယ်ပါး
- ဒါန - ပေးလှူပူဇော်ခြင်း
- သီလ - ငါးပါး၊ ဆယ်ပါးသီလများကိုဆောက်တည်ခြင်း
- ပရိစ္စာဂ - ပေးကမ်းစွန့်ကြဲခြင်း
- အဇ္ဇဝ - ဖြောင့်မတ်မှန်ကန်ခြင်း
- မဒ္ဒဝ - သိမ်မွေ့နူးညံ့ခြင်း
- တပ - ရှစ်ပါးသီလတည်ဆောက်ခြင်း
- အက္ကောဓ - အမျက်မထွက်ခြင်း
- အဝိဟိံသ - မညှင်းဆဲခြင်း
- ခန္တီ - သည်းခံခြင်း
- အဝိရောဓန - တိုင်းသူပြည်သားတို့၏အလိုနှင့်မဆန့်ကျင်ခြင်း
မင်းတို့၏ ဥပါယ်တမျှင်အုပ်ချုပ်ရေးပညာတို့ကား
- ရန်သူကိုသင်းခွဲခြင်း ဘေဒဥပါယ်
- အပြစ်ရှိသူကိုဒဏ်ခတ်ခြင်း ဒဏ္ဍဥပါယ်
- နှစ်ဦးနှစ်ဖက်ညီညွတ်အောင်အပြေအပြစ်ပြောဆိုခြင်း သာမဥပါယ်
- လက်ဆောင်ပဏ္ဏာပေးခြင်း ဒါနဥပါယ်ဟူ၍ ဥပါယ်လေးမျိုးရှိလေသည်။

No comments:
Post a Comment